ကသာ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှု ကသာခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ကြီးကြပ််မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပတ်ဝန်းကျင်သာယာလှပစေရန် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုကို ယနေ့နံနက် (၇)နာရီခွဲအချိန်က မဟာလေးထပ်ကျောင်းဝင်းအတွင်းနှင့်အနီးပတ်ဝန်းကျင်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ Plastic Campaign ပြုလုပ်ဆောင်လုပ်မှုတွင် ကသာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် ပါဝင်ဆောင်ရွက် ခဲ့ကြသည်။
ထို့သို့ Plastic Campaign ပြုလုပ်ဆောင်ရွက်ခဲ့ပြီးနောက် ကမ်းနားလမ်းရှိ ဈေဆိုင်ခန်းများတွင် အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် ပလပ်စတစ်အမှိုက်ကင်းစင်ရေးတို့အတွက် တာဝန်ရှိသူများက အသိပညာပေးများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်စွာ(ကသာ)