ကသာမြို့နယ်တွင် အင်္ဂလိမ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကသာ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကသာမြို့နယ်အဆင့်အနေဖြင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့်နှင့် အခြေခံပညာအလယ်တန်းအဆင့်တို့မှ ယှဉ်ပြိုင်ကြသူ စုစုပေါင်း(၁၃၉)ဦးရှိပြီး ကသာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အင်္ဂလိပ်စာစွမ်းရည်းစာမေးပွဲတွင် ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား မွန်းလွဲ(၁)နာရီအချိန်တွင် အင်္ဂလိပ်စာစွမ်းရည်နှုတ်ဖြေနှင့် ကျပန်းပြိုင်ပွဲကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ရာ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၆၄)ဦး၊ သင်္ချာစာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ(၇၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်ပြန်/ဆက် (ကသာ)