ရွှေဘိုမြို့၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဟောပြောပွဲအခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများ အောင်ချက်မြင့်မားလာစေရန်ရည်ရွယ်၍ အွန်လိုင်းမှတဆင့် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။