မင်းကင်းမြို့တွင် “အနာဂတ်ကို တည်ဆောင်ဖို့ မွေးမြူရေးပညာသင်ကြစို့” ဗီနိုင်းပိုစတာအားစိုက်ထူ

မင်းကင်း ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုသည့်အနေဖြင့် “အနာဂတ်ကိုတည်ဆောင်ဖို့ မွေးမြူရေးပညာသင်ကြစို့” ဗွီနိုင်းပိုစတာကို ယနေ့နံနက် ၈ နာရီခွဲ အချိန်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ “အနာဂတ်ကိုတည်ဆောင်ဖို့ မွေးမြူရေးပညာသင်ကြစို့” ဗွီနိုင်းပိုစတာအား စိုက်ထူရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်‌‌ထောက်ကြီးကြပ်ရေးမှူး ဦးမောင်မောင်စိုးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက အခြေခံပညာအထက်တန်း ကျောင်းရှေ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ပြဘုတ်တို့တွင် စိုက်ထူခဲ့ကြရာ ဗီနိုင်းပိုစတာတွင် သင်ယူရမည့်ဘာသာရပ်များ၊ ဘာကြောင့်တက်သင့်သလဲ။ အခွင့်အလမ်းများ၊ ‌ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပါတယ်၊ ယနေ့ပညာသင်ယူပါ မနက်ဖြန်မွေးမြူရေးကဏ္ဍရဲ့ ခေါင်းဆောင်ဖြစ်လာမယ်စသည့် အချက်များပါရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)