ရွှေဘိုမြို့၌ စက်ချုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရွှေဘို ဇူလိုင် ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းအမည်ဖြင့်ဆောင်ရွက်သည့် စက်ချုပ်နည်း(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် (၂၂) ရက်၊ နံနက် (၉) နာရီအချိန်တွင် ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ရွှေဘိုခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းဆောင်ရွက်နိုင်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ၊ ကုန်ချောပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား သင်တန်းသူများထံပေးအပ်ခဲ့ပြီး သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရွှေဘိုခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးများနှင့်ဝန်ထမ်းများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)