ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာ၊ မိုးစပါးစံကွက် ၇ ဧကတွင် ရိတ်သိမ်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဖြူးပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ ကညွတ်ကွင်းမြို့နေ ပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် စက်တင်ဘာလ ၂၀ နံနက် (၈) နာရီမှ စတင်ကာ ကညွတ်ကွင်းတိုက်နယ်ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့် ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် ကုသိုလ်ဖြစ်ဆေးရုံ၌ စနေနေ့တိုင်း ကုသိုလ်ဖြစ်ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကုသိုလ်ဖြစ်ဆေးရုံ၌ အပြင်လူနာများအား စနေနေ့တိုင်း ကုသိုလ်ဖြစ် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသည်။

ရေတာရှည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာအတွင်းရှိ ဆီကိုယ်စားလှယ်များထံသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်ရည်ရွယ်၍ စားသုံးဆီကိုယ်စားလှယ်များထံသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အသိပညာပေးခြင်း ဟောပြောပွဲနှင့် လက်တွေ့စမ်းသပ် ဆန္ဒမဲပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း အသိပညာပေးခြင်း ဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ယမန်နေ့က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် အ.လ.ကခွဲ(ရေကျော်လေး)ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းတို့ကို ယနေ့မွန်းလွဲ (၁၃)နာရီက ညောင်လေးပင်မြို့နယ် ရေကျော်လေး အခြေခံပညာအလယ်တန်းကျောင်းခွဲ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် စံပြရွာသစ်ရှိ ဆောင်းမြေပဲ စတင်စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြောက်ကြီးကျေးရွာအုပ်စု၊ စံပြရွာသစ်ရှိ တောင်သူဦးသန်းအောင်၏ ဆောင်းမြေပဲဧက စတင်စိုက်ပျိုးနေမှုအား စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ပေါ်တော်မူ(နေရာဦး)မြတ်စွာဘုရားကြီး စွယ်တော်တိုက် စွယ်တော်စေတီတော်မြတ်တွင် ကိန်းဝပ်သတင်းသုံးသည့် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်ပင့်ဆောင်ပူဇော်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သာသနာတော်သက္ကရာဇ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ ယနေ့မွန်းလွဲ (၁၃:၀၀)နာရီအချိန်က ပေါ်တော်မူ(နေရာဦး) မြတ်စွာဘုရားကြီးစွယ်တော်တိုက် စွယ်တော်စေတီတော်မြတ်တွင် ကိန်းဝပ်သတင်းသုံးသည့် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်ပင့်ဆောင်ပူဇော်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို စက်တင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းက မူလတန်း(လွန်)ကြို့ပင်သာကျောင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး