ပေါင်းတည်မြို့နယ်၌ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အတွင်း နေထိုင်ကြသူများ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံသားအခွင့်အရေး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက်၊ သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆက်လက်မဲပေးလျက်ရှိကြောင်း သိရသည်။