သာယာဝတီ နိုဝင်ဘာ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၉ နာရီက စတင်၍ ရပ်ကွက်/ကျေးရွာအလိုက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက် အထိ (၁၄) ရက်ကြာကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး မိမိတို့အမည်စာရင်းပါရှိခြင်း ရှိ/မရှိ၊ အမည်မပါသူများ၊ အချက်အလက်များ မှားယွင်းနေသူများရှိပါက ပုံစံ (၁) ဖြင့်လည်းကောင်း၊ လိုအပ်သည့်ပုံစံများကိုလည်း ရပ်ကွက်/ ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)