ရွှေတောင် နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း မဲစာရင်းပါရှိသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များက မဲစာရင်းပါရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)