ပေါင်းတည် နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အတွင်း နေထိုင်ကြသူများ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံသားအခွင့်အရေး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက်၊ သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆက်လက်မဲပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးခြင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသစ်လွင်နှင့်အဖွဲ့ဝင်များကဦးဆောင်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကျောင်းသားကတ်၊ ကျောင်းဝင်ခွင့်ကတ်များပြသပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူကာ၊ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်စေရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ကြိုတင်မဲဆန္ဒပေးရန် သတ်မှတ်ထားသည့် နိုဝင်ဘာ ၁၇ ရက်နေ့မှ ယနေ့နံနက်ပိုင်းအထိ ဆက်လက်၍ ကြိုတင်ဆန္ဒမဲပေးရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှင့် ဆက်သွယ်လာရောက်လျက်ရှိကြောင်း သိရသည်။
ရွှေသား (IPRD)