သဲကုန်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်နိုင်ရန် ရည်ရွယ်၍ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်၍ ဆောင်ရွက်ခဲ့သည်။