တောင်ငူမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်ငူ နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲဝင်းနှင့်ဝန်ထမ်းများဦးဆောင်၍ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၊ အ-ထ-က (ကျွန်းကုန်း)၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပဆောင်ရွက်သည်။

ထိုသို့ကျင်းပဆောင်ရွက်ရာတွင် တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲဝင်းက အ--က (ကျွန်းကုန်း)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၃၀၀) ဦးခန့်အား သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အကြောင်းအရာများ၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသော သစ်တောအမျိုးအစားများ၊ သစ်တောများ၏ ကောင်းကျိုးများ၊ စနစ်တကျအမှိုက်စွန့်ပစ်ရေး၊ မီးခိုးမြူငွေ့ဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှုများ၊ မီးလောင်ကျွမ်းမှုကြောင့် ထွက်ပေါ်လာသည့် ဓာတ်ငွေ့များ၊ အမှုန်များ၊ မီးခိုးမြူငွေ့များ၊ ပြာမှုန့်များ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်များကြောင့် လူ့ကျန်းမာရေးအပေါ် ထိခိုက်မှုများနှင့် နာတာရှည်ကျန်းမာရေးအကျိုးဆက်များ စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)