ဖြူးမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံခဲ့ရသည့် အိမ်ထောင်စုများအတွက် (၁)စုလျှင် (၄)သိန်းကျပ်စီ ကူညီပေးအပ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံခဲ့ရသည့် အိမ်ထောင်စုများအား ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဉ်အရ ဂျာမဏီနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီများ ဖက်ဒရေးရှင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ငွေသားကူညီပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီချိန်က ဖြူးသာသနာ့ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။