ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ဝေါမြို့နယ်အတွင်းရှိ လေးအိမ်စုကျေးရွာအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဝေါမြို့နယ်အတွင်းရှိ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက (လေးအိမ်စုကျေးရွာ) ကျောင်းကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ဒိုက်ဦးမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်မှ ကျင်းပသော သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းကန်၊ သပြု၊ ဇင်းဘု၊ မကျက်ကြီးကျေးရွာများတွင် ပြုလုပ်ခဲ့သည်။

က၀မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းများပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ကဝမြို့ စည်ပင်သာယာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းများပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို နိုဝင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ(၁) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးခန်းမ၌ ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ခေါင်းဆောင်မှုနဲ့စီမံခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club /Youth Club စာပေဝါသနာရှင် ကျောင်းသား ကျောင်းသူများ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေါင်းဆောင်မှုနဲ့စီမံခြင်းစာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်အတွင်းရှိ ခင်တန်း​ကြီးကျေးရွာအား မြန်မာအီ လက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက (ခင်တန်းကြီးကျေးရွာ) ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ မနက်(၁၀)နာရီက အ.မ.က(မူလွန်)အောက်တကဲရွာသစ်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး