ပဲခူးတိုင်းဒေသကြီး

သာယာဝတီမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင် အမည်စာရင်းများ ထုတ်ပြန်ကြေညာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၉ နာရီက စတင်၍ ရပ်ကွက်/ကျေးရွာအလိုက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ) သုံးထပ်ဆောင်ခန်းမတွင်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသောမဲစာရင်း လာရောက်ကြည့်ရှုသော ဒေသခံပြည်သူများအား MEVM မဲပေးစက်သရုပ်ပြခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ယနေ့က ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုကို လာရောက်ကြည့်ရှုသော ဒေသခံပြည်သူများအား MEVM မဲပေးစက်သရုပ်ပြခြင်းများ တစ်ပါတည်းပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပင်ကလောင်၊ သုံးခွ၊ ရစ်ကံ၊ မွေပွေးကုန်း၊ သံဒင်း၊ နိဗ္ဗာန်၊ အဒူးနှင့် ဘလောက်ကျေးရွာများတွင် ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် မြို့နယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း မဲစာရင်းပါရှိသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်နိုင်ရန် ရည်ရွယ်၍ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းများကို ​ယမန်နေ့ နံနက် (၁၀) နာရီအချိန်က သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်၍ ​ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်တွင် ရပ်ကွက်/ကျေး ရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သင်တန်းပို့ချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေး ရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပန်းတောင်းမြို့နယ်၌ စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ အလင်္ကာခန်းမတွင် ယနေ့နံနက် (၉) နာရီက မြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့သည်။

ပဲခူးမြို့၌ (၃၆) နှစ်မြောက် ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) ကျင်းပ

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက်ပိုင်းက (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ကြို့ပင်ကောက်မြို့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းများကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် နိုဝင်ဘာလ ၁၇ ရက်နေ့မှ စ၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး