ပဲခူးမြို့တွင် ဒီဇင်ဘာအားကစားလ(‌နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်

ပဲခူး ဒီဇင်ဘာ ၂၇

ပဲခူးမြို့တွင် ဒီဇင်ဘာအားကစားလ (‌နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲပို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/ သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(နောက်ဆုံးပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ရောက်ရှိခဲ့ပြီး ပဲခူးမြို့၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်းရှေ့မှ စတင်ကာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ()နှင့် အတွဲ()တို့အား ပြုလုပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဌာနဆိုင်ရာလွန်ဆွဲပြိုင်ပွဲ၊ အပျော်တမ်း ဘောလုံးဂိုးကျဉ်းသွင်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲတို့အား ကြည့်ရှုအားပေးခဲ့ကြပြီး လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများက ကံစမ်းမဲဖောက်‌ပေးခြင်းနှင့် လွန်ဆွဲပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဒီဇင်ဘာအားကစားလ (‌နောက်ဆုံးပါတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်ဆင်နွှဲခဲ့ကြပြီး ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မိသားစုများက ကောက်ညှင်းပေါင်း၊ အကြော်တို့ဖြင့် ကျွေးမွေးဧည့်ခံကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)