ညောင်လေးပင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံမှူးများမှ လာရောက်ထုတ်ယူ

ညောင်လေးပင် ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား ညောင်လေးပင်မြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုမဲရုံမှူးများအား ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထို့သို့ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုမဲရုံမှူးများမှ လာရောက်ထုတ်ယူနေမှုအခြေအနေတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များမှ လိုက်လံကြည့်ရှုကာ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအား လိုအပ်သည်များကို ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)