ပဲခူးတိုင်းဒေသကြီး

ပြည်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့၊ ပြည်တော်သာ အရန်မီးသတ်တပ်ဖွဲ့စခန်း၌ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ပဲခူး​တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ (Book Club) အဖွဲ့ဝင်များ၊ စာ​ပေချစ်မြတ်နိုးသူ ဝါသနာရှင် ကျောင်းသား/ ကျောင်းသူများနှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က စာရေးဆရာ ညွန့်ဝေမိုး ရေးသားထားသော "ချိုသောအတွေးစကား" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (စတုတ္ထအကြိမ်) အသံမစဲ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ငါးရက်တိုင်ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (စတုတ္ထအကြိမ်) အသံမစဲ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်တိုင်တိုင်ကျင်းပလျက်ရှိရာ အဆိုပါမဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်ရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော် (သုံးထပ်ဆောင်) ၌ ကျင်းပခဲ့သည်။

ကျောက်တံခါးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၈) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ကဝမြို့နယ်တွင် အခြေခံပညာ Grade - 5 သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲ ဆက်လက်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade – 5 သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (ကဝ) ဆရာကျော့ခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ မြို့နယ်မီးသတ်ဦးဌာနတွင် ယနေ့နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်အတွင်း ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ရှောင်တခင်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရွှေတောင်မြို့မစျေးအတွင်းတွင် ယနေ့နံနက်ပိုင်းက စျေးဆိုင်၊ ကုန်စုံဆိုင်၊ ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော မတ်ပဲစိုက်ခင်းများနှင့် သဘာဝမြေသြဇာပင်များအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော မတ်ပဲစိုက်ခင်းများနှင့်အတူ သဘာဝမြေသြဇာပင်များအား မြို့နယ်စိုက်ပျိုးမှုကြီကြပ်ရေးအဖွဲ့များက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

တောင်ငူမြို့၌ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး