ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅)ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား စစ်ရေးပြဘာသာရပ်၊ မီးငြှိမ်းသတ်‌ရေးစွမ်းရည်နှင့်ရှာ‌ဖွေကယ်ဆယ်ရေးစွမ်းရည်များ ပြည့်ဝစေရန်ရည်ရွယ်၍ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ ယမန်နေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ် အမှတ်(၁)အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အမှတ်(၁)အထည်စက်ရုံတွင် ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ (၅)လမ်းတွင် ရေခဲသေတ္တာနှင့် သွယ်တန်းထားသော မိန်းထုပ်မှ အပူလွန်ကဲပြီး နေအိမ်(၂)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ (၅)လမ်းတွင် ယနေ့နံနက်(၀၀:၃၅)နာရီအချိန်ခန့်က ရေခဲသေတ္တာနှင့် သွယ်တန်းထားသော မိန်းထုပ်အပူလွန်ကဲရာမှ နေအိမ်(၂)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ပေါင်းတည်၌ သုခမင်္ဂလာကုမ္ပဏီ(MMU) အထူးကုနယ်လှည့်အဖွဲ့ ရွေ့လျားဆေးကုသယာဥ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ အတန်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၄) ရက်၊ နံနက် (၉) နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးကြပ်ရေးမှူးသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကြီးကြပ်ရေးမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းလှမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နေ့လယ် ၂ နာရီချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) တောင်သူသင်တန်းအမှတ်စဉ် (၃/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်းခန်းမတွင် ယနေ့မွန်းလွဲပိုင်းက လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၃/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

သဲကုန်း​မြို့နယ်တွင် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား နယ်လှည့်ဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဖူလုံရေးအဖွဲ့ ဆေးကုသယာဉ် (MOBILE MEDICAL UNIT) ဖြင့် ကွင်းဆင်း၍ ယနေ့နံနက် (၉) နာရီအချိန်က ပုတီးကုန်းမြို့ အောင်နိုင်ရိုးမသစ္စာ (ANYT Co.Ltd) ကုမ္ပဏီလီမိတက်တွင် သဲကုန်းမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား (အခမဲ့) ကျန်းမာရေးစစ်ဆေးမှုများနှင့် ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး