ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးကြပ်ရေးမှူးသင်တန်းဖွင့်လှစ်

ပဲခူး ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကြီးကြပ်ရေးမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်မာသက်က အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်များအား ပြောကြားပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပဲခူး) ကျောင်းအုပ်ကြီး ဦးအောင်နိုင်စိုးက သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်

အဆိုပါကြီးကြပ်ရေးမှူးသင်တန်းအား ဇန်နဝါရီလ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ () ရက်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား/ သူ(၂၂)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)