စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

စစ်ကိုင်း၊ ဇန်နဝါရီ- ၁၄

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ အတန်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၄) ရက်၊ နံနက် (၉) နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

အတန်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ (၄၀၀) တစ်ဦးချင်းပြိုင်ပွဲ နှင့် မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးပြီး အတန်း ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ (၈၅) ဦး တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်အနေဖြင့် အတန်းပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများအား အားကစားမျိုးစုံပြိုင်ပွဲများ ကျင်းပေးခြင်းတို့ကို နှစ်စဉ်ပညာသင်နှစ်အလိုက် စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)