မင်းလှ ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နေ့လယ် ၂ နာရီချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် သန်းထိုက်(မင်းလှ)က ဒေါက်တာအေးကျော်ရေးသားသည့် ပတ်ဝန်းကျင်နှင့် ကျန်းမာရေးစာအုပ်မှ အကြောင်းအရာတို့ကို ဖတ်ကြားပြောကြားရာ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်တို့က အပြုသဘောဆောင်သည့် ဆွေးနွေးချက်များဖြင့် အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ