ပန်းတောင်းမြို့နယ်၌ ကျေးရွာများသို့သွားရောက် အခမဲ့ တီဘီရောဂါရှာဖွေ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများပူးပေါင်း၍ အခမဲ့တီဘီရောဂါရှာဖွေကုသခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော် ဦးဆောင်သောအဖွဲ့မှ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။