လက်ပံတန်း ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းဖြင့် လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ကွမ်းခြံကျေးရွာသစ်စီမံကိန်းဖွံ့ဖြိုးရေးလမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းလုပ်ငန်းရန်ပုံငွေဖြင့် လမ်းအရှည် ၂၀၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ လမ်းမြေနီခင်းခြင်းကို ကျေးရွာသူ၊ ကျေးရွာသားများ၏ စုပေါင်းလုပ်အားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)