ဝေါ ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ဝင်းက အပိုင်း(၁)နှင့် အပိုင်း(၂)တွင်တွေ့ကြုံရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမင်းဦးက မဲရုံလုံခြုံရေးဆောင်ရွက်ထားရန်၊ မဲရုံဖွင့်ချိန်၊ ကြိုတင်မဲပုံးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ လာရောက်ရမည့်အချိန်နှင့် မဲရုံအတွင်းဝင်ရောက်ရန် လိုအပ်သော စည်းမျဉ်း၊ စည်းကမ်းချက်များကို ပြောကြာပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးမင်းသက်နောင်က ပယ်မဲအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)