ကျောက်တံခါးမြို့နယ် ဖဒိုမြို့တွင် "ဒို့အတူတူ မဲပေးကြမယ်"လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်တံခါး ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ဖဒိုမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာစကား (၅)မျိုးပါသည့် အသိပညာပေးလက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် (၈)နာရီအချိန်၌ ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပါတီစုံရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့” စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ပါတီစုံရွေးကောက်ပွဲဆိုင်ရာအသိပညာပေး တိုင်းရင်းသားဘာသာစကား (၅)မျိုးပါသည့် အသိပညာပေးလက်ကမ်းစာစောင်နှင့် "ဒို့အတူတူမဲပေးကြမယ် "လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ကျောက်တံခါးမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ဆက်လက်ပြသခြင်းနှင် လက်ကမ်းစာ‌စောင်များအား ဆက်လက်ဖြန့်ဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)