သဲကုန်းမြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကျေးရွာများရှိဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိရာ အပိုဝင်ငွေတိုးပွားစေရန် ဥယျာဉ်ခြံမြေများတွင် သီးပင်စားပင်များစိုက်ပျိုးရောင်းချလျက်ရှိပြီး တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ကွမ်းရွက်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိသည်။