ကျောက်တံခါး ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းနှင့် အသိပညာဟောပြောပွဲလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အ.ထ.က (အနောက်ရပ်) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူစန်းက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများအားတီဘီရောဂါ လက္ခဏာများ၊ တီဘီရောဂါနှင့်ပတ်သက်သော ကာကွယ်ရေးနည်းလမ်းများ၊ တီဘီရောဂါကို ဆောလျင်စွာ ရှာဖွေစစ်ဆေးခြင်း၏ရရှိမည့် အရေးပါပုံတို့ကို အသိပညာပေးခြင်းလုပ်ငန်များ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေရေးလုပ်ငန်းများကို ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၈၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၂၄၄၅) ဦးကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့တွင် အ.ထ.က (ကျောက်တံခါး) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀၅) ဦးအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)