ပြည်မြို့နယ်၌ (မဲခေါင် - လန်ချန်း)ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ-၂၀၂၂ စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကြံသီးနှံ ကွင်းသရုပ်ပြပွဲနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် (မဲခေါင်- လန်ချန်း) ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ-၂၀၂၂ စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကြံသီးနှံစိုက်ကွင်း သရုပ်ပြပွဲနှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ အနောက်လက်ခုပ်ပင်အုပ်စုရှိ တောင်သူ ဦးဉာဏ်ဝင်း၏ KK3 ကြံသီးနှံ (၅ ဧက)စံပြစိုက်ခင်း၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံ ကြံသီးနှံစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။