ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် ဆောင်းပဲတီစိမ်း စံပြကွက်ဧက (၅၀) စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဥတိုကညင်ပင်အုပ်စု၊ ဥတိုကညင်ပင်ကျေးရွာတွင် ၂၀၂၅ - ၂၀၂၆ ခုနှစ် ပန်းတိုင်အထွက်နှုန်းပြည့်မှီကျော်လွန်ထွက်ရှိရေးအတွက် ဆောင်းပဲတီစိမ်းစံပြကွက်ဧက (၅၀) စိုက်ပျိုးထားမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ် အ-ထ-က ဘုရားပျိုကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အ-ထ-ကဘုရားပျိုကျောင်း၌ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင်ငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် နိုင်ငံတော်မှပေးအပ်သော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင်ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိသည်။

ဒိုက်ဦးမြို့နယ် ‌အ.လ.က(ခွဲ) ရွှေညောင်ပင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၁)နာရီက အ.လ.က(ခွဲ)ရွှေညောင်ပင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ဘုရားပျိုကျောင်း၌ ကျင်းပခဲ့သည်။

ဇီးကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင် ပြပွဲနှင့်ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီအချိန်က အ.မ.က ကရင်ကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅)ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား စစ်ရေးပြဘာသာရပ်၊ မီးငြှိမ်းသတ်‌ရေးစွမ်းရည်နှင့်ရှာ‌ဖွေကယ်ဆယ်ရေးစွမ်းရည်များ ပြည့်ဝစေရန်ရည်ရွယ်၍ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ ယမန်နေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ် အမှတ်(၁)အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အမှတ်(၁)အထည်စက်ရုံတွင် ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ (၅)လမ်းတွင် ရေခဲသေတ္တာနှင့် သွယ်တန်းထားသော မိန်းထုပ်မှ အပူလွန်ကဲပြီး နေအိမ်(၂)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ (၅)လမ်းတွင် ယနေ့နံနက်(၀၀:၃၅)နာရီအချိန်ခန့်က ရေခဲသေတ္တာနှင့် သွယ်တန်းထားသော မိန်းထုပ်အပူလွန်ကဲရာမှ နေအိမ်(၂)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး