ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် ဆောင်းပဲတီစိမ်း စံပြကွက်ဧက (၅၀) စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေး

မင်းလှ ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဥတိုကညင်ပင်အုပ်စု၊ ဥတိုကညင်ပင်ကျေးရွာတွင် ၂၀၂၅ - ၂၀၂၆ ခုနှစ် ပန်းတိုင်အထွက်နှုန်းပြည့်မှီကျော်လွန်ထွက်ရှိရေးအတွက် ဆောင်းပဲတီစိမ်းစံပြကွက်ဧက (၅၀) စိုက်ပျိုးထားမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဥတိုကညင်ပင်အုပ်စုအုပ်စု၊ ဥတိုကညင်ပင်ကျေးရွာအနီး ဦးပိုင်အမှတ် (၅၄/၅)၊ ကွင်းအမှတ် (၉၂၈)၊ တောင်သူ (၅)ဦးတို့၏ လယ်မြေ (၅၀) ဧက၌ ရေဆင်း-၁၄ ပဲတီစိမ်းမျိုး စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးကာ သီနှံများပန်းတိုင်အထွက်နှုန်း ပြည့်မှီကျော်လွန်ထွက်ရှိရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းနှင့်  လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပဲမျိုးစုံဧက (၈၆၀၀၀)စိုက်ပျိုးထားရှိခဲ့ပြီး ပဲတီစိမ်းရေဆင်း-၁၄ မျိုး စိုက်ပျိုးထားရှိမှုမှာ (၂၁၆၀) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။

ပေါက်စ(မင်းလှ)