သနပ်ပင် ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် နိုင်ငံတော်မှပေးအပ်သော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင်ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိသည်။
နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဧပြီ-ဒီဇင်ဘာ ကိုးလအတွက် လူမှုရေးပင်စင်ငွေပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွား(၃၉၃)ဦးအား တစ်ဦးလျှင်ကိုးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၃၅,၃၇၀,၀၀၀)ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၃၉၃)ဦးရှိပြီး အဆိုပါလူမှုရေးပင်စင်ငွေများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)