အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ၌ လက်သမားအတတ်ပညာ ကာလတိုသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် National Grassroots Innovation Competition ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကျင်းပ

တောင်ငူ ဇန်နဝါရီ ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ၌ လက်သမားအတတ်ပညာ ကာလတိုသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် National Grassroots Innovation Competition ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စုဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက လက်သမားအတတ်ပညာကာလတိုသင်တန်းသို့ တက်ရောက်လာကြသူများအား အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ကျောင်းအုပ်ကြီးက လက်သမားအတတ်ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကာလတိုသင်တန်းအကြောင်း ရှင်းလင်းပြောကြားပြီး မြို့ပြအင်ဂျင်နီယာဌာနမှ ဌာနမှူး ဒေါ်ဆုလာဒ်နှင်းက သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။ ထို့နောက် အစိုးရစက်မှုလက်မှု သိပ္ပံ (တောင်ငူ)မှ ဖွင့်လှစ်ခဲ့သည့် ကာလတိုသင်တန်းများ၏ မှတ်တမ်းပုံရိပ်များနှင့် National Grassroots Innovation Competition ပြိုင်ပွဲမှ မှတ်တမ်းပုံရိပ်များအား Video ဖြင့်ပြသပြီး တာဝန်ရှိသူများက National Grassroots Innovation Competition ပြိုင်ပွဲတွင် Winner နှင့် First Runner Up ရရှိခဲ့သော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ၌ လက်သမားအတတ်ပညာကာလတိုသင်တန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ ၁၇ ရက်နေ့မှ ၂၆ ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား (၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)