ပဲခူးမြို့ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်

ဒိုက်ဦး ဇန်နဝါရီ ၁၇

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးနှင့် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပဲခူး​မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများအား ဆေးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးကြသည်။

ဒိုက်ဦးမြို့နယ်အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများအား ဆေးကုသမှုများ ပြုလုပ်ပေးရာတွင် ပဲခူးမြို့ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်(အထွေထွေရောဂါ)၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ မျက်စိ၊ အရေပြားစသည့်ဘာသာရပ်(၇)ခုမှ အထူးကုဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါကွင်းဆင်ဆေးကုသမှုပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းထွန်း၊ ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် ဒိုက်ဦးမြို့နယ် ကုသရေးဦးစီးဌာနမှူးတို့က လိုက်လံကြည့်ရှု့အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဒိုက်ဦးမြို့နယ်အတွင်း ကွင်းဆင်းဆေးကုသမှုများပြုလုပ်ပေးရာတွင် သမားတော် (အထွေထွေရောဂါလူနာ) (၉၂)ဦး၊ ခွဲစိတ်လူနာ(၃၈)ဦး၊ သားဖွားမီးယပ်လူနာ(၈)ဦး၊ ကလေးလူနာ(၂၂)ဦး၊ အရိုးလူနာ(၇၉)ဦး၊ မျက်စိလူနာ(၈၉) ဦး၊ အရေးပြားလူနာ(၄၂)ဦး၊ စုစုပေါင်းလူနာ(၃၇၀)ဦးတို့အား ဆေးကုသမှုပြုလုပ်ပေးနိုင်ခဲ့ပြီး ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)