သဲကုန်း ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မီးခိုး/မြူငွေ့အန္တရာယ်များ သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယမန်နေ့က ရပ်ကွက်(၄)၊ ပေါက်တောရပ်ကွက်၊ ဆင်စွယ်ရကျေးရွာတွင် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနိုင်ဝင်းဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာ/ ရပ်ကွက်များအတွင်း မီးခိုး/မြူငွေ့ဖြစ်ပေါ်လာနိုင်သည့် အချက်များ၊ မီးခိုးမြူငွေ့ အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ မီးခိုးမြူငွေ့ လျှော့ချရန်နည်းလမ်းများ၊ Fire Hotspot များ၏ အကြောင်းအရင်းများ၊ လယ်ကွင်းများတွင် စပါးရိတ်သိမ်းပြီးချိန်ဖြစ်၍ ရိတ်သိမ်းပြီး လယ်များကို ကောက်ရိုးများနှင့် အမှိုက်များ ရိုးပြတ်ပင်များအား မီးရှို့ခြင်း မပြုလုပ်ကြရန်၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနကို အချိန်မီအကြောင်းကြားရန်နှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)