ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့နယ်တွင် မဲရုံပြုလုပ်မည့်တည်နေရာများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကို ကျင်းပမည်ဖြစ်ရာ မဲရုံပြုလုပ်မည့်တည်နေရာများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက်(၉) နာရီအချိန်က မြို့နယ်အတွင်းရှိ မဲရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

သာယာဝတီမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စားအုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို သာယာဝတီခရိုင် စားအုန်းဆီ​ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်း/ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရွှေတောင်မြို့နယ်တွင် နိုင်ငံတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက နိုင်ငံတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဥ် (၂၁၊ ၂၂) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊  အလက (ခွဲ) (စျေးတန်းဟောင်း) ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။

ပေါင်းတည်၌ နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်နိုင်ရေး ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စက်မှုလယ်ယာဦးစီးဌာနခန်းမတွင် နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်သည်။

ပေါင်းတည်၌ ဆောင်းရာသီ ဟင်းသီးဟင်းရွက် ဧကတစ်သောင်းကျော် စိုက်ပျိုးထုတ်လုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီ ဟင်းသီးဟင်းရွက် (၁၂၀၉၉) ဧက စိုက်ပျိုးထုတ်လုပ်ကြကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြူးမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အပိုင်း(၃)အနေဖြင့် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး၊ နိုင်ငံသားတိုင်း မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်း၌ ရန်ကုန်-မန္တလေးလမ်းဘေးတစ်လျှောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈) ကြိမ်မြောက် လစဉ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ပေါင်းတည်၌ သဘာဝဘေးအန္တရာယ်များဆိုင်ရာ ဟောပြောပွဲနှင့် ငလျင်ဒဏ် ကာကွယ်ခြင်း သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊‌ ပေါင်းတည်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ငလျင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဒဏ် ကာကွယ်ခြင်း သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လယ် ၂နာရီခွဲက မြို့နယ် ပြည်သူ့ဆေးရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ပညာ့အားမာန်စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ပညာ့အားမာန်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဖဒိုမြို့ အခြေခံပညာအထက်တန်း(၂) ရပ်ကွက်ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး