ပေါင်းတည် ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ငလျင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဒဏ် ကာကွယ်ခြင်း သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လယ် ၂နာရီခွဲက မြို့နယ် ပြည်သူ့ဆေးရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က ငလျင်အန္တရာယ်ကြောင့် ထိခိုက် ဒဏ်ရာရရှိမှု၊ အသက်ဆုံးရှုံးမှုများ မရှိစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိနိုင်စေရေး ကာကွယ်ရေးနည်းလမ်းများနှင့်အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ရန်များကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ငလျင်အန္တရာယ်ကြုံတွေ့နေမှု သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင်မှုပြုလုပ်ကြရာ ဘေးကင်းလုံခြုံစွာ နေထိုင်ပြုမူခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်မှုများကို ကျန်းမာရေးဝန်ထမ်းများက သဏ္ဍာန်တူ လက်တွေ့စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)