စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဖြူးရောင်းချစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မှန်(၆)မှန်နှင့်အညီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူပြည်သူများ ဝယ်ယူရရှိမှု ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကဝမြို့နယ်ရပ်ကွက်များနှင့် သက္ကလမြို့ ဈေးအတွင်း စားအုန်းဆီရောင်းချနေမှုများအား သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှုရှိမရှိ လိုက်လံကြည့်ရှုစစ်ဆေးသည်။