ကျောက်တံခါး ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ပညာ့အားမာန်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဖဒိုမြို့ အခြေခံပညာအထက်တန်း(၂) ရပ်ကွက်ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာကျော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်နှင့် ဖဒိုမြို့အုပ်ချုပ်ရေးမှုး ဦးရဲမင်းအောင်တို့က ပညာ့အားမာန်စာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်ပေးသည်။ အခမ်းအနားတွင် ဖဒိုမြို့အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး အမှာစကားပြောကြားသည်။ ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ စာကြည့်တိုက်ဆောက်လုပ်မှု ကုန်ကျစရိတ်အား ရှင်းလင်းဖတ်ကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူးက သုတရသစာအုပ်များအား လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး စာကြည့်တိုက်ဆောက်လုပ်ရာတွင် ငွေကြေးနှင့်ပစ္စည်းများလှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အဆိုပါစာကြည့်တိုက်ကို အလှူရှင်မိသားစုမှ သိန်းနှစ်ရာကျော်မတည်လှူဒါန်းပြီး စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ သိန်းငါးကျော်ဖြစ်ကြောင်းနှင့် ပညာ့အားမန်စာကြည့်တိုက်ဖွင့်လှစ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများ တိုးပွားလာမှာဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးက ပြောကြားခဲ့ပါသည်။
မြို့နယ်(ပြန်/ဆက်)