သဲကုန်း ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကို ကျင်းပမည်ဖြစ်ရာ မဲရုံပြုလုပ်မည့်တည်နေရာများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက်(၉) နာရီအချိန်က မြို့နယ်အတွင်းရှိ မဲရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့ အုပ်ချုပ်ရေးမှူးများက မဲရုံကျင်းပမည့် တည်နေရာများတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေရန်၊ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းလမ်းများ၊ မီးသတ်ဆေးဘူး အပါအဝင် အခြားနည်းလမ်းများဖြင့် မီးငြှိမ်းသတ်နည်းများ သရုပ်ပြသဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)