ပေါင်းတည်၌ နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်နိုင်ရေး ဆွေးနွေး

ပေါင်းတည် ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စက်မှုလယ်ယာဦးစီးဌာနခန်းမတွင် နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲ၌ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးနှင့်ထပ်တူ တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းနိုင်ရေး၊ နွေစပါးများ အောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်းတိုးတက်စေရေးတို့အတွက် စက်မှုလယ်ယာစနစ်ဖြင့် နွေစပါး စိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာများကို စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းက တောင်သူများအား အသိပညာပေးရှင်းလင်း ဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် ခေတ်မီသိပ္ပံနည်းကျစိုက်နည်းစနစ်များဖြင့် စက်မှုလယ်ယာဧရိယာ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး၊မျိုးမှန် မြေမှန် ရေမှန် စိုက်နည်းမှန်ကန်စွာဖြင့် စနစ်တကျ စိုက်ပျိုးကြရာတွင်ကောက်စိုက်စက်များ တွင်ကျယ်စွာ အသုံးပြု‌လာနိုင်စေရေးတို့ကို တောင်သူများနှင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)