တောင်ငူ ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ အလက (ခွဲ) (စျေးတန်းဟောင်း) ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဥ်ယဥ်အေးက ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောဆွေးနွေးပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေသည်။ ထို့နောက် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်၍ ပုံပြင်ပြောပြခြင်း၊ ကလေးငယ်များအား စာဖတ်သည့်အလေ့အထများရရှိစေရန် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းခြင်းတို့ ဆောင်ရွက်ပြီး၊ အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)