ရွှေတောင် ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အမှတ်(၁)အထည်စက်ရုံ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ဆောင်ထားရှိမှုများအား စစ်ဆေးခြင်းများကို ယမန့်နေ့ နံနက်ပိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာသို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို ဦးဆောင်၍ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များမှ အမှတ်(၁)အထည်စက်ရုံ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ဆောင်ထားရှိမှုများအား စစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်း ကိရိယာများ ပြည့်စုံလုံလောက်စွာထားရှိခြင်း၊ ရေလှောင်ကန်များ ရေဖြည့်တင်းထားရှိမှုနှင့် မီးတားလမ်းများ ဖောက်လုပ်ထားရှိမှုတို့အား စစ်ဆေးခဲ့ပြီး ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်မီတုံ့ပြန်ဆောင်ရွက်နိုင်ရေး အကြုံပြုခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)