ညောင်လေးပင် ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာ ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၄)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ရာ ယနေ့(၂၃)ရက်နေ့တွက်လည်း ဆက်လက်သင်ကြားပို့ချ လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ သင်တန်းအားဆက်လက်ပို့ချရာ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းမင်းပိုင်မှ ဘက်စုံသုံးဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းတို့အား စာတွေ့လက်တွေ့များ သင်ကြားပေးလျက်ရှိပြီး အဆိုပါသင်တန်းအား ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ ၅ ရက်တာ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)