စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဖြူးရောင်းချစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကဝ ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မှန်(၆)မှန်နှင့်အညီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူပြည်သူများ ဝယ်ယူရရှိမှု ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကဝမြို့နယ်ရပ်ကွက်များနှင့် သက္ကလမြို့ ဈေးအတွင်း စားအုန်းဆီရောင်းချနေမှုများအား သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှုရှိမရှိ လိုက်လံကြည့်ရှုစစ်ဆေးသည်။

 ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမိုး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမိုးသက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့မှ တာဝန်ရှိသူများသည် ပြည်သူများအား စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှု ရှိ၊မရှိ မြို့ပေါ်ရပ်ကွက်များရှိ လက်ကား/လက်လီကိုယ်စားလှယ်အရောင်းဆိုင်များသို့ လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ကဝမြို့နယ်သို့ ​နေ့စဥ်စား​အုန်းဆီ (၃၃) ပေပါခန့် လက်ကားကိုယ်စားလှယ်(၂)ဦးဖြင့် ပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း နေ့စဥ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)