ပေါင်းတည်မြို့ကျက်သရေဆောင် မင်းလင်္ကျာ မင်းလက်ဝဲ စေတီများအား ပြန်လည်မွမ်းမံ ရွှေသင်္ကန်းကပ်လှူ
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည် ဗုဒ္ဓမြတ်စွယ်တော်တိုက် ဝင်းအတွင်းရှိ မြို့ကျက်သရေဆောင် သမိုင်းဝင် မင်းလင်္ကျာ မင်းလက်ဝဲ စေတီနှစ်ဆူအား ပြန်လည်မွမ်းမံ ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်စေရန် အလှူခံဌာနဖွင့်လှစ်ထားရှိရာ ပြည်သူအများ ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။