ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ပေါက်ခေါင်း ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ လစဉ် ၂၁ ရက်နေ့မှစတင်၍ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီမှ မွန်းလွဲ၂  နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူများဖြစ်သော မြို့ပြပင်စင်၊ ကာကွယ်ရေးပင်စင် အစရှိသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးခြင်းကို မြန်မာ့စီးရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများကလည်း ပြည်သူ့ဆေးရုံတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)