မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်

မိုးညို ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ရေကင်းကျေရွာအုပ်စု၊ ပတ္တော်ကျေးရွာအုပ်စုနှင့် ညောင်လေးပင်ကျေးရွာအုပ်စုများအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်နိုင်သည့် ကျေးရွာများသို့ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ‌ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန် အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များအား ကျေးရွာနေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ခဲ့ပြီး ရေဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များအား ကျေးရွာနေအိမ်များအရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)