ရွှေကျင်မြို့တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ကျင်းပ

ရွှေကျင် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်းတရုတ္တန်းရပ်ကွက် တောင်ပိုင်ဓမ္မရိပ်သာကျောင်းတိုက်ဓမ္မာရုံတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွါးစေရန် ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်း စာမေးပွဲကို တတိယနေ့အဖြစ် ၂၀၂၅ ခုနှစ် ဇွန်လ (၆) ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်၌ ဆက်လက်ကျင်းပလျက်ရှိသည်။

အဆိုပါစာမေးပွဲတတိယနေ့တွင် ပထမကြီးတန်း သံဃာတော်(၇)ပါး၊ ပထမလတ်တန်း သံဃာတော်(၁၅)ပါး၊ သီလရှင်(၁)ပါး စုစုပေါင်း(၁၆)ပါး၊ ပထမငယ်တန်း သံဃာတော်(၁၈)ပါး၊ သီလရှင်(၂)ပါး စုစုပေါင်း(၂၀)ပါး၊ အခြေပြုမူလတန်း သံဃာတော်(၂၈) ပါး၊ ‌သီလရှင်(၂)ပါး စုစုပေါင်း(၃၀)ပါး၊ စုစုပေါင်းပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ)တန်း စာမေးပွဲကို(၇၃)ပါး ဖြေဆိုလျက်ရှိသည်။ အဆိုပါစာမေးပွဲကို ဇွန်လ(၄)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဋ္ဌ ဦးလှမင်းသူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)