မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်မြောင်းများတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်

မိုးညို ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစို‌ပြေ‌ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မိုးညိုမြို့ပေါ်ရှိ ဇောတိကရပ်ကွက်အတွင်း ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်၊ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာတို့၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများက ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို)စာသင်ကျောင်းပတ်လည်ရှိ ရေနုတ်မြောင်းများ၊ အနော်ရထာလမ်း၊ အင်ကြင်းမြိုင်လမ်းနှင့် အ လောင်းဘုရားလမ်းတစ်လျောက်တို့တွင် ရေစီးရေလာကောင်းမွန်‌စေရေးအတွက်‌ ရေနုတ်မြောင်းများတူးဖော်ခြင်း၊ ပိတ်ဆို့နေသော မြောင်းများအတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ရပ်ကွက်များအတွင်း ရေတင်ခြင်း၊ ရေဝပ်ခြင်းများမဖြစ်ပေါ်စေရေးအတွက် လမ်း များအလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုမင်း