ရွှေဘို ဇွန် ၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအားစစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့အမှတ် (၄) ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်ကြီးတွင်ယမန်နေ့၊ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များအေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲ ဖြေဆိုနေကြသည့် ရဟန်း၊ သံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကဉက္ကဋ္ဌ ဆရာတော်အပါအဝင် ကြီးကြပ်ဆရာတော်များအား၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် တာဝန်ရှိသူများ၊မြို့မိမြို့ဖများ၊စေတနာရှင်အလှူရှင်များက သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး၊ ရေသန့်၊ အချိုရည်များလှူဒန်းပေးခဲ့ကြောင်းသိရပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများအပါအဝင် လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါစာမေးပွဲအား နယုန်လဆန်း ၇ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြုလုပ် ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့၌ စာဖြေသံဃာတော် /သီလရှင်၊စုစုပေါင်း(၂၁၀)ပါးဖြေဆိုလျက်ရှိကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင်(ပြန်/ဆက်)